ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့်ဒေသခံပြည်သူများကို မေလ ၂၁ ရက်တွင် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာခင်ခင်ဇော်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲနှင့် စစ်တွေမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနက ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။