သင်္ကြန်တွင်း ရှေးဟောင်းယဉ်ကျေးမှုဇုန်များ ဖွင့်ထားမည် 

သင်္ကြန်ပွဲတော်ကာလအတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ 

သင်္ကြန်ရုံး ပိတ်ရက်အတွင်း ပြည်တွင်းခရီးသွား ပြည်သူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လည်ပတ်လေ့လာနိုင်ရန် ရှေးဟောင်းယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ထားမည်ဖြစ်ပြီး ပြတိုက်များနှင့် Site Museum များကိုမူ ယာယီပိတ်ထားမည်ဖြစ်သည်။

အဆိုပါ ဖွင့်လှစ်ထားမည့် ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မန္တလေးယဉ်ကျေးမှုဇုန်၊ အင်းဝ ယဉ်ကျေးမှုဇုန်၊ သရေခေတ္တရာကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဇုန်နှင့် ဗိဿနိုးကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်များဖြစ်သည်။