ကမ္ဘာမှာ ချောက်မြို့က အပူဆုံးစာရင်းဝင်

ဧပြီလ ၉ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံမှ ချောက်မြို့က အပူချိန် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နဲ့ ထိပ်ဆုံးမှာရှိနေတယ်လို့ သိရပါတယ်။

နောက်ထပ်မြို့တစ်မြိုဖြစ်တဲ့ မကွေးမြို့ကတော့ အပူချိန် ၄၃ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နဲ့ ဧပြီလ ၉ ရက်အတွက် ကမ္ဘာ့အပူချိန်အမြင့်ဆုံး အဆင့် ၁၃ မှာရှိနေတယ်လို ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်မားမှုတွေကြောင့် ရုတ်တရက်သတိလစ်မေ့မြောတာတွေနဲ့ ရုတ်တရက်သေဆုံးမှုအချို ဖြစ်ပွားနေတာတွေကြောင့် အပူဒဏ်ကို သတိပြုနေထိုင်ကြဖို မိုးလေဝသနှင့် လဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က အသိပေးနှိုးဆော် ထားပါတယ်။

Crd-PAN