ပန်ဆယ်လိုကြောင့် ထောက်ပို့နန်းမိုးမိုးအေး အဖမ်းခံရ

ထိုင်းရဲတပ်ဖွဲ့မှ အသက် ၂၄ နှစ်အရွယ် PDF များအတွက် လက်နက်ရိက္ခာ ထောက်ပို့အကြီးစားလုပ်နေသူ မြန်မာလူမျိုး မစ္စမိုးအေး (ခေါ်) နန်းမိုးမိုးအေးအား သြဂုတ်လ ၁၆ ရက်နေ့က Asoke-Rama 9 ဧရိယာရှိ ဇိမ်ခံကွန်ဒိုတွင် ဖမ်းဝရမ်းအမှတ် ၅၀၅/၂၅၆၆ ဖြင့် တရုတ်နှင့်ဆက်စပ်ပြီး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ crypto ငွေကြေးဆော့ကစားခြင်းများ၊ ငွေကြေးခဝါချမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု အစရှိသဖြင့် ပုဒ်မများစွာနှင့် ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ငွေသား ဘတ်ငွေ ၄,၄၄၄,၀၀၀၊ ဘဏ်စာရင်းစာအုပ် ၁၇ အုပ်၊ ATM ကတ် ၁၆ ကတ်နှင့် ငွေသားကတ် ၁၆ ကတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခုလို နန်းမိုးမိုးအေး အဖမ်းခံရခြင်းဟာ ပန်ဆယ်လိုရဲ့ ငွေအလွဲသုံးစားလုပ်မှုတွေကို ဖော်ကောင်လုပ်တဲ့အတွက် ပန်ဆယ်လိုနဲ့ညိပြီးဖမ်းဆီးခံရတာဖြစ်ကြောင်း ၎င်းရဲ့မိတ်ဆွေတစ်ချို့ကပြောဆိုနေကြကြောင်းသိရပါတယ်။

Crd