Khit Thit ကရေးတဲ့ စစ်သင်္ဘော ၂ စီးကို မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ သင်္ဘော ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF ထံ မှ သိရတယ်လို့ ယနေ့ ရက်စွဲ နဲ့ Khit thit media က ရေးသားထားပါတယ် ။

ဖြစ်စဉ်အမှန်မှာ

ပစ်ခတ်မှု ဖြစ်စဉ်ရှိပါတယ်။ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီဝန်းကျင်လောက် က အရပ်ဘက်ကုန်တင်သင်္ဘောတစ််စီး နှင့် လုံခြုံရေးအစောင့်လိုက် စစ်သင်္ဘောတစ်စီး ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်စဉ် ကံကုန်းရွာနားအရောက် ရွာနားအနီးတစ်ဝိုက်မှ PDF အကြမ်းဖက်များက ချောင်းမြောင်းပစ်ခတ်မှုကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ ဒါကို Khit Thit က ကိုယ်တင်တဲ့ သတင်းတောင် ဘယ်ဟာအမှန်မှန်း မသိအောင် စစ်တပ်က ၂ ယောက်လိုလို ၃ ယောက်လိုလိုနဲ့ ဆန်းတဝါးဝါး တင်လာတာကို လည်းတွေ့ရပါတယ်။

ဒေသခံတွေပြောပုံအရဆိုရင် ပစ်ခံရတဲ့ကုန်သင်္ဘောဟာ ပြည်သူလူထုတွေအတွက် ဆေးဝါး နဲ့ ကုန်ပစ္စည်းတွေ အဓိ ကသယ်လာတာ ဖြစ်ပြီး စစ်တပ်ဘက်က အစောင့်လိုက်ပါတာကြောင့် ပစ်ခံရတာ မျိုးဖြစ်နိုင်တယ် ။ ချင်းတွင်း နဲ့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာခုလို ကုန်တင်သင်္ဘောတွေ ခဏခဏ ပစ်ခတ်ခံရတာ မျိုးရှိတယ်လို့ သိရပါတယ်။

တချို့သင်္ဘောနဲ့ စက်လှေပိုင်ရှင်တွေဆိုရင် လိုင်းကြေးသဘောမျိုး PDF တွေကို ဆောင်နေရတာမျိုးတွေရှိတယ် မပေးရင်အသက်ကိုပါ ခြိမ်းခြောက်လာတာတွေ ရှိတာကြောင့် ပေးနေရတယ်လို့ ဒေသခံတွေထံကနေတဆင့် သိရပါတယ်။

စဉ်းစားကြည့်ရင် ပြည်သူတွေအနေနဲ့ အမှန်တကယ် လုပ်စားကိုင်စားရတာ ခက်ခဲနေတာအမှန် ပါပဲ။
အကြမ်းဖက် PDF ကတော့ ခြိမ်းခြောက် ဆပ်ကြေးကောက်ပြီး အဆင်ပြေနေပုံရပါတယ် ။ တပ်မတော်ကိုတိုက်ခိုက်တာ က ခေါင်းစဉ်တပ်ရုံမျှဖြစ်ပြီး အဓိကက လက်နက်ကိုင်အကြမ်းဖက် ဓါးမြတိုက် နေတယ်ဆိုတာ အသိသာကြီးပါ။ ဒါကို ဝရမ်းပြေး မီဒီယာတွေက နယ်မြေဒေသ တည်ငြိမ်မှုမရှိအောင် အမျိုးမျိုးဇာတ်လမ်းစဉ် လှည့်ပတ်ရေးပြီး သတင်းအမှားတွေနဲ့ အဆိပ်ခတ်နေတုန်းပါပဲ။