လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးတယ်လို့ Ayeyarwaddy Times က သတင်းအမှားရေး

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတွင် တပ်စွဲထားသည့် တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ စတင်၍ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF Pekhon )ထံက သိရသည်။ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၄၈) တပ်ရင်း၊ ကောင်စီလေ့ကျင့်ရေးသင်တန်းကျောင်းများမှ တပ်သားများ၊ ပျူစောထီးပူးပေါင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့သည့် တစ်လအတွင်း စစ်သား ၁၉ ဦးသေဆုံးခဲ့ပြီး အများ အပြားဒဏ်ရာရခဲ့ကြောင်း Ayeyarwaddy Times Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတွင် တပ်စွဲထားသည့် တပ်များနှင့် PDF များ ဇွန်လ ၁၅ ရကနေ့မှ စ၍ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချကာ စစ်သည် ၁၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရတယ်လို့ အများအထင်လွဲမှားအောင် သတင်းအမြတ်ထုတ်ကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK