ဖားကန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးတယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ တပ်မတော်စခန်း သုံးခုကို နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦး ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၉ ရက်နေ့၌ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/ PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ တိုက်ပွဲဖြစ်စဉ်မရှိဘဲ Ayeyarwaddy Times မှ အများပြည်သူများ အထင်အမြင်မှားအောင် စိတ်ကူးယဉ်ကာ လုပ်ဇာတ်ဆင်ရေးသားထားခြင်းသာဖြစ်ပါတယ်။