တပ်ပျက်သွားတဲ့ KIA ရင်း (၁၈)

ဇူလိုင်လ ၂၇ ရက်နေ့တွင် KIA ရင်း ၁၈ အဖွဲ့အား နန့်ဆန်ယန်နားက မဒီယန်ရွာပျက်နားမှာ တပ်မတော်လေက လေယာဉ်နဲ့ ဗုံးကြဲလို့ အထိအခိုက်အကျအဆုံး အများအပြားရှိခဲ့ကြောင်း သိရှိရပါတယ်။ နေရာမှာတင် သေတာက ဗိုလ်ကြီး လမိုင်နဲ့ ဇော်ဇော်အောင်အပါအ၀င် ၁၅ ယောက်ခန့် သေသွားခဲ့ပြီး အစအနတောင်ရှာမရဖြစ်ခဲ့ရပါတယ်။ နောက်ထပ် ဂမ်မိုင်၊ လအောင် နဲ့ လဒွဲအပါအ၀င် ၂၀ ကျော်လည်း ဒဏ်ရာရထားပြီး ဒဏ်ရာတွေ တော်တော်ပြင်းလို့ တပ်မ(၂) တပ်မမှူး မုန်ထွယ်အောင်က လူနာတွေသယ်ပြီး လိုင်ဇာဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း သိရှိရပါတယ်။ သိပ်မကြာခင် KIA နဲ့ PDF တွေလည်း အမြစ်ပြုတ်တော့မယ်။ KIA မှာ သင်တန်းတက်ခဲ့တဲ့ တချို့ PDF တွေကတော့ အလင်းဝင်ကုန်ပြီ။