ဩဂုတ်လ ၂၆ ရက်နေ့မှုခင်းသတင်းများ

-ဩဂုတ်လ ၂၅ ရက်နေ့၁၇၃၀ နာရီချိန်တွင် ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နေထိုင်သော ဒေါ်ပွင့်ကေခိုင် ၂၅ နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား pdf (၁၀) ဦးခန့်ရောက်ရှိလာပြီး ဒေါ်ပွင့်ကေခိုင်အား ဖမ်းဆီး၍ လာရာလမ်းအတိုင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၂၅ ရက်နေ့ ၀၇၂၀ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် နေထိုင်သော မကြည်ဖြူလွင် (၁၂) နှစ်သည် ၎င်း၏ ဖခင် အလုပ်လုပ်ကိုင်နေသာ ကာဘိုကျေးရွာနှင့် အိုင်ပေါင်းကျေးရွာကြားရှိ ယာတောသို့ ထမင်းပို့ရန်သွားရောက်စဉ် အိုင်ပေါင်းကျေးရွာဘက်မှ အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်လုပ်စိန်ပြောင်း ဗုံးသီးမှာ ၎င်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မကြည်ဖြူလွင်၏ ယာလက်ညှိုး၊ ဝဲခြေဖမိုးဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရွှေဘိုပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရ။

-ဩဂုတ်လ ၂၅ ရက်နေ့ ၁၇၁၀ နာရီချိန်တွင် နတ်မောက်မြို့နယ်၊ ဆည်လည်ကျေးရွာတွင် နေထိုင်သော ဦးမြင့်ငြိမ်း(၅၅) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား PDF ၄ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ၁ ချက်ခုတ်၍ ထွက်ပြေးသွားခဲ့ရာ ဦးမြင့်ငြိမ်းတွင် လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။