ပညာကို အပြည့်အဝသင်ယူပါ

လေယာဉ်မှူးဥပမာ

လေယာဉ်သန့်ရှင်းရေး အလုပ်သမားတယောက်ဟာ လေယာဉ်မှူးရဲ့ အခန်းကို
သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားတော့

“အတွေ့အကြုံမရှိသေးသူများအတွက်လေယာဉ်ပျံသန်းနည်း (အတွဲ၁)”

ဆိုတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်ပါတယ်။

သူကပထမ စာမျက်နှာကိုလှန်လိုက်ပါတယ်။

”အင်ဂျင်ကို နိုးရန် အတွက် အနီ ရောင် ခလုပ် ကို နှိပ်ပါ၊”

အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေယာဉ်အင်ဂျင် စက်နိုးသွားတော့..သူပျော်သွားပြီး နောက်စာမျက်နှာကို လှန်လိုက်ပါတယ်။

“လေယာဉ်ရွေ့လျားဖို့အတွက် အပြာရောင်ခလုတ်ကို နှိပ်ပါ…” ဆိုတော့
သည်အတိုင်း လုပ်တာ
လေယာဉ်ဟာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ ရွေ့လျားလာပါတော့တယ်။

လေယာဉ်ကိုပျံကြည့်ချင်လာတာနဲ.. တတိယမြောက်စာမျက်နှာကို လှန်ကြည့်လိုက်တော့ …

”လေယာဉ်ပျံသန်းဖို့အစိမ်းရောင် ခလုတ်ကို နှိပ်ပါ.”..

အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေပျံကစပြီး ပျံသန်းတော့..သူ ရင်ခုန်သွားတယ်…!!

မိနစ် (၂၀) လောက် ပျံသန်းကြည့်ပြီးတဲ့ အခါကျတော့ကျေနပ်သွားပြီး လေယာဥ်ပျံ ကို
ပြန်ဆင်းချင်တာနဲ့စာမျက်နှာ (၄) ကိုဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…

စာမျက်နှာ (၄) မှာ ရေးထားတာက…

“လေယာဉ်ဆင်းသက်နည်းကို သိချင်ရင် အနီးဆုံးစာအုပ်ဆိုင်မှာ အတွဲ ၂ ကိုဝယ်ပါ။”

အဲ့သည်လူရဲ့အသုဘ
မနက်ဖြန် ချ ပါမယ်။

……သင်ခန်းစာ-……

အချက်အလက်ပြည့်စုံမှုမရှိဘဲနဲ့ ဘယ်အရာကိုမှကြိုးစားမကြည့်ပါနှင့်။

တစ်ပိုင်းတစ်စသိထားတဲ့ ပညာရပ်ဟာ အန္တရာယ်ရှိယုံမျှမက အပျက်သဘောပါ ပါတယ်။

သားသမီးတွေကို ပညာကောင်းကောင်း သင်ပေးပါ။

Credit original writer