၂၀၂၃-၂၀၂၄ အာရှချန်ပီယံလိဂ်ဟာ ၄၂ကြိမ်မြောက် အာရှကလပ်ပြိုင်ပွဲကြီးအဖြစ် စတင်လာဖို့ရှိပါတယ်

နိုင်ငံခြားကစားသမား ၆ယောက်အထိအသုံးပြု ခွင့်ပေးထားပြီးသည်အထဲမှာ အခြားသော အာရှသားတစ်ဦးပါဝင်ရမယ်လို့
စည်းကမ်းရှိတဲ့ အာရှချန်ပီယံလိဂ်ဟာ ကစားသမား၃၅ ယောက်အထိ မှတ်ပုံတင်ခွင့်ပြုထားပါတယ်
လာမယ့်နှစ်မှာ
ကမ္ဘာကျော် ကစားသမားတွေ ခေါ် ယူနေတဲ့ ဆော်ဒီကလပ်တွေပါဝင်လာမှာမို့ အာရှချန်ပီယံလိဂ်ဟာ
ကမ္ဘာ့ စိတ်ဝင်စားမှုကိုပိုမိုမြင့်တက် ရရှိလာဖို့ရှိနေပါတယ်
သည်ပြိုင်ပွဲရဲ့ ဝင်ခွင့်တွေဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ စားရင်းဝင် ၄၇ နိုင်ငံက ကလပ်အသင်းတွေရဲ့ နောက်ဆုံး ၄နှစ်အတွင်း အာရှကလပ်ပြိုင်တွေမှာ
ရရှိတဲ့ မှတ်တမ်းတွေ ပေါ် မူတည်ပြီးဆုံးဖြတ်ပါတယ် (သက်ဆိုင်ရာ နိုင်ငံအသင်းရဲ့ ဖီဖာ ရပ်တည်ချက်တွေနဲ့ မသက်ဆိုင်ပါဘူး )
အာရှ ဘောလုံးအဖွဲ့ချုပ်က သည်ပြိုင်ပွဲကို အရှေ့ပိုင်းဇုန်နဲ့ အနောက်ပိုင်းဇုန်ဆိုပြီး ခွဲကစားစေပါတယ်
၂၀၂၃-၂၄ ရာသီအတွက် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် အလိုက် ရပ်တည်မှုတွေကတော့

အနောက်ပိုင်းဇုန်အတွက် –
-ဆော်ဒီအာရေဗီးယား
-အီရန်
-ကာတာ
-ဥဇဘက်ကစ္စတန်
-ယူအေအီး
-ဂျော်ဒန်
-တာဂျစ်ကစ္စတန်
-အီရတ်
-တာမင်နစ္စတန်
-အိန္ဒိယ
-လက်ဘနွန် (ပါဝင်ပြိုင်ခြင်း မရှိ)
-ဘင်္ဂလားဒေ့ရှ်
-အိုမန်

အရှေ့ပိုင်းဇုန်အတွက် –
-တောင်ကိုရီးယား
-ဂျပန်
-တရုတ်
-ထိုင်း
-ဟောင်ကောင်
-ဗီယက်နမ်
-မြောက်ကိုရီးယား(ပါဝင်ပြိုင်ခြင်း မရှိ)
-ဖီလစ်ပိုင်
-မလေးရှား
-သြစတေးလျ
-စင်္ကာပူ
-အင်ဒိုနီးရှား

စသဖြင့် အဆင့်လိုက်ရပ်တည်နေပါတယ် သည်လို အဖွဲ့ချုပ် အလိုက် ရပ်တည်နိုင်မှုအတိုင်းပဲ သက်ဆိုင်ရာ နိုင်ငံအဖွဲ့ချုပ်လက်အောက်က
ကလပ်အသင်းတွေ ဟာ အုပ်စု အဆင့် ကနေ ပါဝင်ခွင့်ရပါတယ်
သည်စာရင်းဟာ confirmed အဆင့်မဟုတ်သေးဘဲ လာမယ့်ရာသီအတွက် AFC ရဲ့ လိုင်စင်ရခြင်း /မရခြင်းပေါ် မူတည်ပြီး ကွဲပြား နိုင်ပါသေးတယ်
ကလပ် အသင်း အလိုက် ပြောမယ်ဆိုရင်တော့

အနောက်ပိုင်းဇုန်အတွက် –
-အဲလ်ဟီလယ် (ဆော်ဒီ)
-အဲလ်အစ်တီဟတ်(ဆော်ဒီ)
-အဲလ်ဖေဟာ (ဆော်ဒီ)
-ပါဆီပိုလစ်(အီရန်)
-နက်ဆာဂျီ(အီရန်)
-ဆီပါဟန်(အီရန်)
-အဲလ်ဆက်ဒ်(ကာတာ)
-အဲလ်ဒူဟေးလ်(ကာတာ)
-ပက်တကော်(ဥဇဘက်ကစ္စတန်)
-နာဆက်ဖ်(ဥဇဘက်ကစ္စတန်)
-အဲလ်အင်(ယူအေအီး)
-အဲလ်ဖိုင်ဆာလီ (ယူအေအီး)
-အစ်တစ်လို(တာဂျစ်ကစ္စတန်)
-အဲလ်ရှော့တာ (အီရတ်)
-အဟယ်အေနူး(တာမင်နစ္စတန် )
-မွန်ဘိုင်းစီးတီး(အိန္ဒိယ)

အရှေ့ပိုင်းဇုန်အတွက် –
-အူလ်ဆန်ဟွန်ဒိုင်း(တောင်ကိုရီးယား)
-ဟွန်ဒိုင်းမော်တာ (တောင်ကိုရီးယား)
-ဟိုဟန်စတီးလားစ်(တောင်ကိုရီးယား)
-ယိုကိုဟားမားမာရင်နို(ဂျပန်)
-ဗင့်ဖော်ရက် ကိုဖူ (ဂျပန်)
-ကာဝါဆာကီဖရွန်တေး(ဂျပန်)
-ဝူဟန်ထရီးတောင်း (တရုတ်)
-ရှန်ဒေါင်း (တရုတ်)
-ဘူရီယမ်ယူနိုက်တက်(ထိုင်း)
-ဘန်ကောက်ယူနိုက်တက် (ထိုင်း)
-ကစ်ချီ (ဟောင်ကောင်)
-ဟန်နွိုင်း(ဗီယက်နမ်)
-ကာယာ (ဖီလစ်ပိုင်)
-ဂျိုဟောဒါရူ(မလေးရှား)
-မဲလ်ဘုန်းစီးတီး(သြစတေးလျ)
-လိုင်းရွန်းစီးတီး(စင်္ကာပူ)

“ခြေစစ် ပွဲမှ တဆင့် ပါဝင်ကစားခွင့်ရသည့် အသင်းများ “
သည်အဆင့်ဝင်တဲ့အသင်းတွေကတော့ ခြေစစ် ပွဲအဆင့်တွေကို ဖြတ်သန်းပြီး မှ အုပ်စုအဆင့်ကိုဝင်ရောက်နိုင်မယ့်အသင်းတွေ ဖြစ်ပါတယ်
ခြေစစ် ပွဲမှာလည်း ပဆင့် ဒုဆင့် စသဖြင့် အမှတ်အလိုက် အဆင့်တွေ ခွဲခြားပြီး မြန်မာကလပ်အချို့လည်း ခြေစစ်ပွဲတွေ ကန်ခဲ့ဖူးပါတယ်
(အုပ်စုအဆင့်တော့ မရောက်ခဲ့ပါဘူး )
ခြေစစ်ပွဲအဆင့်မှာလည်း ဇုန်အလိုက် (အပေါ်က အဖွဲ့ချုပ် အမှတ် တွေအတိုင်း ) ခွဲထားပါသေးတယ်

“အနောက်ပိုင်းဇုန် -ခြေစစ် ပွဲမှ ဝင်ခွင့်ရသည့်အသင်းများ “
-အဲလ်နက်ဆာ (ဆော်ဒီ )
-ထရက်တာ (အီရန်)
-အဲလ်အာရဗီ(ကာတာ)
-အဲလ်ဝက်ကရာ(ကာတာ)
-နက်ဗ်ဘာဟော(ဥဇဘက်ကစ္စတန် )
-AGMK (ဥဇဘက်ကစ္စတန် )
-ရှာဘက်အဲလ်အလီ (ယူအေအီး)
-ရှာဂျာ (ယူအေအီး)
-အလ်ဝက်ဒက် (ဂျော်ဒန် )
-ဘက်ဟွန်ဟာရာ (ဘင်္ဂလားဒေ့ရှ်)
-အဲလ်ရှိဘ် (အိုမန်)

“အရှေ့ ပိုင်းဇုန် -ခြေစစ် ပွဲမှ ဝင်ခွင့်ရသည့်အသင်းများ “
-အင်ချွန်းယူနိုက်တက် (တောင်ကိုရီးယား )
-အူရာဝါဒိုင်းမွန်း(ဂျပန်)
-ကျဲ့ကျန်း (တရုတ် )
-ရှန်ဟိုင်း (တရုတ် )
-ဘီဂျီပသန်(ထိုင်း)
-ပေါ့ထ်အက်စီ (ထိုင်း)
-လီမန်း (ဟောင်ကောင်)
-ရိန်းဂျားစ်(ဟောင်ကောင်)
-ဟိုင်ဖောင်(ဗီယက်နမ်)
-ဘာလီယူနိုက်တက် (အင်ဒိုနီးရှား)
ဒါတွေကတော ခြေစစ် ပွဲကနေ တဆင့် အောင်မြင် ရင် အုပ်စုကို ဝင်မယ့်အသင်းတွေဖြစ်ပါတယ်
အဲလ်နက်ဆာလို ကမ္ဘာကျော် တွေရှိတဲ့ အပြင် နောက်ထပ် ပါ ခေါ် ယူဖို့ အသင်းတွေ ရှိနေတာမို့ အာရှချန်ပီယံလိဂ် ကတော့
အရင်နှစ်တွေကထက်ကို စိတ်ဝင်စားမှုပိုမိုမြင့်တက် လာခဲ့ပါပြီ
ဆော်ဒီ ကလပ်တွေရဲ့ အပြိုင်ခေါ် ယူမှုကတော့ ကမ္ဘာကျော် တွေ အပြိုင်အဆိုင်တွေ ရောက်လာမှုက
အာရှ ချန်ပီယံလိဂ်ကို ဘယ်လောက်ထိ ရိုက်ခတ်မှုရှိလာမလဲဆို တာတော့ လာမယ့် လပိုင်းတွေမှာ စောင့်ကြည့် ရင်ခုန်ကြပါစို့လားခင်ဗျာ

(မြန်မာကလပ် တွေကတော့ အာရှ ချန်ပီယံလိဂ်ရဲ့ အောက်အဆင့် AFC cup ပြိုင် ပွဲမှာ သာပါဝင်ခွင့်ရထားပြီး ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်(ခြေစစ်ပွဲ)
တို့ ပါဝင်ကစားဖို့ရှိပြီး သည်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင်တော့ နောက်နှစ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကနေ ပါဝင်ခွင့်ရမှာဖြစ်ပါတယ် )
*နိုင်ငံအလိုက် အသင်းအမည် အသံထွက်များ ကွဲလွဲနိုင်သောကြောင့် နားလည်ပေးပါရန်….