သထုံမြို့တွင် Hilux ကား ၁ စီးအား အကြမ်းဖက် KNU/PDF များကပစ်ခတ်၍အပြစ်မဲ့ပြည်သူယာဉ်မောင်း သေဆုံး

ဖေဖော်ဝါရီလ ၂၀ ရက် မနက်ပိုင်းတွင် သထုံမြို့မှ ဘီးလင်းဘက်သို့ ထွက်ခွာလာသော စားသောက်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် Hilux ယာဉ်တစ်စီးအား သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ(ရွာသစ်ကျေးရွာ) အနီးတွင် အကြမ်းဖက် KNU/PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက်များ၏ပစ်ခတ်မှုကြောင့် ကားမှာ လမ်းဘေးသို့ထိုးဆင်းသွားပြီး ရွာသစ်ကျေးရွာအဝင် ဇရပ်အား တိုက်မိကာ ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်း မင်းထွန်း(ခ)ဝက်ကလေးမှာ အခင်းနေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။
အကြမ်းဖက်သမားများသည် ၎င်းတို၏အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်လာသည့်ဖြစ်ရပ်များ တဖြည်းဖြည်းများပြားလာပြီဖြစ်ပါတယ်။