နွေဦးတော်လှန်ရေးမှာ အကျိုးအမြတ်ရနေတာဘယ်သူတွေလဲ.?

မြင်တွေ့ရသူတိုင်း နီနီစိမ်းစိမ်း
လုံးဝစိတ်မချမ်းမြေ့စရာ မြင်ကွင်းဖြစ်ပါတယ်

စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပေးဆပ်နေကြရတဲ့ ဗမာ PDF လူငယ်လေးတွေရဲ့
အလောင်းတွေ၊ အုတ်ဂူတွေ၊ လူမသိသူမသိ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ တောထဲရောက်
ဘဝပျက်နေကြရတဲ့ သတင်းတွေဟာ
တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပါတယ်

ပြည်ပြေးနိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုကြောင့်
EAOs နယ်မြေကို ရောက်ရှိပြီး တိုက်ပွဲပေါင်းများစွာမှာအသေခံတိုက်နေရတဲ့ PDF လေးတွေရဲ့ စွန့်လွတ်မှုကြောင့်
အကျိုးအမြတ်ရရှိသွားသူများကတော့
PDF တွေ အသေခံတိုက်ပေးလို့
နယ်မြေတိုးချဲ့ထိန်းချုပ်ခွင့်ရရှိသွားတဲ့
EAOs အဖွဲ့အစည်းများပဲ ဖြစ်တယ်ဆိုတာ
PDF လေးတွေနဲ့ သူတိုရဲ့ မိဘများ သိမြင်နားလည်စေချင်ပါတယ်

နွေဦးတော်လှန်ရေးမှာ တကယ်တမ်းအမြတ်ထွက်ခဲ့သူတွေက
နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့
EAOs အဖွဲ့တွေဖြစ်တယ်ဆိုတာ
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက
မီးမောင်းထိုးပြနေပါတယ်..

#Crd