ဒါရွတ်လာရှ်ယူးအသင်းအတွက် သွင်း ဂိုး(၂၁) ဂိုး၊ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ထားနိုင်တဲ့ မြန်မာတိုက်စစ်မှူး

မြန်မာတိုက်စစ်မှူး အောင်ကျော်နိုင်သည် ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် ဒါရွတ်လာရှ်ယူးအသင်းအတွက် သွင်း ဂိုး(၂၁) ဂိုး၊ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူး အောင်ကျော်နိုင်၏ ဒါရွတ်လာရှ်ယူးအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ယခုရာသီ နောက်ဆုံးပွဲစဉ်အဖြစ် သင်ဖြူးရေဗန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၆-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် ဒါရွတ်လာရှ်ယူးအသင်း၌ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန်(၄၁) မိနစ်တွင် အသင်းအတွက် တတိယဂိုးကို ဂိုးသမားနှင့် အနီးကပ်တွေ့ဆုံကာ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 ယခုရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် ဒါရွတ်လာရှ်ယူးအသင်းအတွက် သွင်းဂိုး (၂၁) ဂိုး သွင်းယူပေးထားပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ထိပ်ဆုံး သုံးဦးထဲ ပါဝင်ခဲ့ကြောင်း သိရပြီး ယခုရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် ဒါရွတ်လာရှ်ယူးအသင်း၌ ဂိုးဖန်တီးမှု(၉) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို အကောင်းဆုံးကစားသမားဆု(Man of the Match)ကိုလည်း (၅) ကြိမ်ရရှိထား ခဲ့ကြောင်း သိရသည်။

ဒါရွတ်လာရှ်ယူးအသင်းသည် ယခုရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် (၁၈) ပွဲကစား၊ (၈) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၉) ပွဲရှုံး၊ ရမှတ်(၂၅) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၅) နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရ သည်။