ဧပြီလ (၁)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 မကွေးတိုင်း ကျောက်ထုမြို့နယ်၊ စံကျေးရွာအနီးတွင် PDF အကြမ်းဖက် ၂လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

🔸 စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘတ်ကျေးရွာအတွင်း PDF အကြမ်းဖက်များ၏ အခြေပြုစခန်းအား သိမ်းပိုက်ရရှိ။

🟢 စစ်ကိုင်းတိုင်း မြောင်မြို့ မြောက်ရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ဝင် ကျား-၁ဦးအား ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်အနီး စစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက် ၁ဦးအား ဖမ်းဆီးရမိ။

🟢 ခရမ်းမြို့နယ် အရှေ့ခြမ်း ဒေးပေါက်ကျေးရွာနှင့် ဂွေးပင်ချောင် ကျေးရွာချင်းဆက် လမ်းဘေးရှိ NLD ပါတီဝင်နေအိမ်အတွင်းမှ M4A1-၁လက်၊ M4 ကာဘိုင်-၁လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ။

🔸 မကွေးတိုင်း ရေစကြိုမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း PDF အဖွဲ့မှ ထောင်ထားသော လက်လုပ်မိုင်းအား ရှင်းလင်းသိမ်းဆည်းရမိ။

🟢 ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် လေအားလျှပ်စစ် မဂ္ဂါဝပ်(၃၅ဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြ။

🔸 ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့အရှေ့ဘက် ဆွာရွာမရွာအနီး KNU/PDF အကြမ်းဖက်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ရာအိမ်မှူးအား PDF များမှ လာရောက်ပစ်ခတ်သွားကြောင်း။

🔸 မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွ ပြည်သူစစ်ရွာ Drone ဖြင့် ဗုံးချဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်။

🟢 မကွေးတိုင်း ဂန်ဂေါမြို့နယ် စိုင်ဒူးကျေးရွာအနီး PDFများနှင့် ပစ်ခတ်မှုဖြစ်ပွား။

🔸 စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာအနီး PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ သားအဖ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

🟢 ၂၀၂၄ ပါရီ အိုလံပစ်ခြေစစ်ပွဲ ပထမအဆင့် ပြိုင်ပွဲများအား မြန်မာနိုင်ငံတွင် ကျင်းပမည်။

🔸 နွားထိုးကြီး-မြင်းခြံလမ်း လျှော်ဖြူကျေးရွာအနီး PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ။

🟢 ဗဟိုဘဏ်၌ အပ်နှံငွေ ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာဟု ဗဟိုဘဏ်မှပြောကြား။

🔸 အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှုများကို စွန့်လွှတ် လျှော့ချရန် အာဆီယံအဖွဲ့ စီစဉ်နေ။

🟢 မကွေးတိုင်း ပေါက်မြို့နယ် ကျားသိုက်ကျေးရွာအနီး PDF များ၏ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ။

🔸 ကလေးမြို့ မြောက်ဘက် ပျဉ်းတောဦးရွာအနီး ပူးပေါင်း PDF အကြမ်းဖက်အဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဂိတ် (၂) အနီး လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စည်ပင်ရဲတပ်ဖွဲ့ဝင် ၁ဦး ဒဏ်ရာရရှိ။

🔸 တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စုလမ်းမကြီး၌ မတ်လ ၃၁ ရက် ညပိုင်းက ကုန်းကားတစ်စီး တိမ်းမှောက်ပြီး လူ ၂၂ ဦး ဒဏ်ရာရရှိ။

🟢 မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ရန် သတ်မှတ်ရက်ကို ဧပြီလကုန်ထိ အချိန်ထပ်မံတိုးမြှင့်ပေးထား။

🔸 ကန်ဘလူမြို့နယ် ပေါက်ကုန်းကျေးရွာအား PDF များက ဝင်ရောက်စီးနင်း၍ လက်နက်မဲ့ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ကြောင်း။

🟢 ပဲခူးတိုင်း ကျောက်တံခါးမြို့ မြို့မရဲစခန်း မြို့နယ်ထွေအုပ်ရုံးများနှင့် လူနေရပ်ကွက်များပေါ်သို့ PDF များက Drone ဖြင့် ဗုံးကြဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း။

🔸 စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တက်လှိုင်းကျေးရွာအနီး PDF များ၏ အခြေပြုနေရာနှင့် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ။

🟢 ပဲခူးတိုင်း တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ ကရင်ချောင်းစစ်တောင်းမြစ်ကူးတံတား လုံခြုံရေးတပ်စခန်အား KNU/PDF များမှ ပစ်ခတ်တိုက်ခိုက်။

🔸 ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆင်ဂွေရွာသစ်မှ အုပ်ချုပ်ရေးမှူးအား KNU/PDFများက ဖမ်းဆီးသွားကြောင်း သတင်းရရှိ။

နိုင်ငံတကာသတင်းများ

🌍 အနောက်အုပ်စုက ရုရှားမုန်းတီးမှုဆက်လုပ်နေမှုမှာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပွားရန်ပင် အန္တရာယ်ရှိနေဟု ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား။

🌍 ဖင်လန်းနိုင်ငံက NATO အဖွဲ့ဝင် ၃၁ နိုင်ငံမြောက် ဖြစ်လာ။

🌍 ဩစတြေးလျ၊ US နှင့် ဗြိတိန်တို့ နျူရေငုပ် သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဟာ လက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပွားစေနိုင်ကြောင်း တရုတ်မှ သတိပေး။

🌍 မလေးရှားနိုင်ငံ၏ အနာဂတ်ကို အင်အားကြီးနိုင်ငံများ ကြားဝင်ဆုံးဖြတ်လမ်းညွှန်ခြင်းများကို ခွင့်ပြုမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်ပြောကြား။

🌍 ထိုင်းပြည်သူ ၅၅ သန်းရဲ့ ကိုယ်ရေး အချက်အလက် များနှင့်ရွေးကောက်ပွဲ စာရင်းတွေ Hack ခံရပြီး အစိုးရကို ခြိမ်းခြောက်နေ။

🌍 အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် တရုတ်နိုင်ငံ၏ နည်းပညာကဏ္ဍကို ရှေ့သို့ တွန်းပို့နေကြောင်း Huawei ဥက္ကဌပြောကြား။

🌍 အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်အရာရှိသေဆုံးခဲ့ခြင်းအပေါ် လက်တုံပြန်မှာဖြစ်ကြောင်း အီရန်စစ်ဘက်ပြော။