မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြား လဲလှယ်တပ်ဆင်ခြင်း မရှိသည့်ယာဉ်များကို မေလမှစတင်အရေးယူတော့မည်ဟု ကညန ကြေညာ

နိုင်ငံတဝှမ်းရှိ အိမ်စီးကားများမှလွဲ၍ နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များအပါအဝင် အဝေးပြေးခရီးသည်တင်ယာဉ်၊ အငှားယာဉ် (Taxi)၊ မြို့တွင်း ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်ခြင်းမရှိသော မော်တော်ယာဥ်များကို မေလမှစတင်ကာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။

ဖောင်းကြွ ယာဉ်နံပါတ်ပြားအတွက် တရားဝင်ဈေးနှုန်းအဖြစ် ၉ ထောင်ကျပ် သတ်မှတ်ထားပေမယ့် ကညနရုံးတွေမှာ ဝန်ဆောင်ခအဖြစ် ကျပ် ၃ သောင်းမှ ၄ သောင်းခွဲအထိ တောင်းယူမှုတွေ ရှိနေတယ်လို့လည်း ယာဥ်ပိုင်ရှင်တွေရဲ့ ပြောပြမှုအရ သိရပါတယ်။

crd;