တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးဦးဆောင်သည့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ဧပြီ ၁ ရက်၊ မနက်ပိုင်းက လာအိုနိုင်ငံမှတဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရောက်ရှိလာတဲ့ ယူနန်ပြည်နယ်ပါ တီကော်မတီအတွင်းရေးမှူးနဲ့အဖွဲ့ကို ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းတို့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့ကကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ယူနန်ပြည်နယ်ပါ တီကော်မတီအတွင်းရေးမှူးအနေနဲ့ မြန်မာနိုင်ငံကို ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ဘာအကြောင်းနဲ့လာတယ်ဆိုတာကို မသိရသေးပေမယ့် ထူးခြားမှုတစ်ခုတော့ရှိလိမ့်မယ်လို့ တရုတ်အရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

crd;mht