မော်တင်စွန်းစေတီမှာ သီတင်းကျွတ်ပွဲတော်ကျင်းပမည်

ဧရာဝတီတိုင်း‌ ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ မြတ်မော်တင်စွန်းစေတီတော်မြတ်မှာ သီတင်းကျွတ်လပြည့်ပွဲတော် အထိမ်းအမှတ်အနေဖြင့် ဆီမီးနဲ့ပန်း ကိုးထောင်စီ ကပ်လှူပူဇော်တာအပါအဝင် အခြားအစီစဉ်တွေကိုပြုလုပ်ကျင်းပသွားမယ်လို့စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့မတိုင်မှီအောက်တိုဘာ၂၈ရက်မှ စကာ လပြည့်နေအပြီးအောက်တိုဘာ၃၀ရက်အထိ မော်တင်စွန်းစေတီရဲ့ သီတင်းကျွတ်ပွဲတော်အစီစဉ်တွေကို ပြုလုပ်ကျင်းပသွားမယ်လို့ဆိုပါတယ်။

မော်တင်စွန်းစေတီရဲ့တရားအလှူပွဲများကို အောက်တိုဘာ၂၈ရက်မှာပြုလုပ်မှာဖြစ်ပြီး ဆီမီးကိုးထောင် ၊ ပန်းကိုးထောင်ကပ်လှူပွဲပြုလုပ်တာနဲ့ မီးပုံးပျံ လွှတ်တာ၊ သံဃာအပါးပေါင်း ၁၆၀ကို ဆွမ်းသဃ်န်းနှင့် အလှုရှင်များမှ နဝကမ္မအလှုငွေများဆက်ကပ်လှုဒါန်းတာကို သီတင်းကျွတ်လပြည့်နေ့အောက်တိုဘာ၂၉ရက်မှာပြုလုပ်မှာဖြစ်ရာ ၊ သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့ အောက်တိုဘာလ၃၀ရက်နေ့တွင် မြတ်မော်တင်ဘုရားရဲ့ မူလဘုရားဒါယကာဇေယျသေန နဂါးမင်းနဲ့နဂါးမျိုးနွယ်များအား နဂါးစာကျွေး မွေးလှုဒါန်းပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်‌ကြောင်း သိရပါတယ်။

မြတ်မော်တင်စွန်းစေတီတော် ရဲ့ယခုပြုလုပ်မယ့် ဘုရားပွဲအစီစဉ်က သီတင်းကျွတ်ပွဲတော် အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဘုရားပွဲတော်ကြီးကိုတော့ တပေါင်းလဆန်းကနေ တပေါင်းလပြည့်နေ့အထိ ရက်ပေါင်း၁၀ရက်ကျော်ကြာရှည်ကျင်းပလေ့ရှိတယ်လို့သိရှိရပါတယ်။