ရှမ်းပြည်နယ် ကျောက်မဲက တောင်ကျရေချိုးခွင့် ပိတ်လိုက်ပြီ

လူမှုကွန်ယက်မှာ ရောဂါပျောက်ကင်းလို့ တောင်ကျရေချိုးကြသူများနဲ့စည်ကားနေတယ်ဆိုတဲ့ ရှမ်းပြည်နယ် ၊မြောက်ပိုင်း၊ ကျောက်မဲမြို့ကတောင်ကျရေချိုးကြတဲ့နေရာကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေထံကသိရပါတယ်။

” ၁၉ရက်နေ့က စပိတ်လိုက်တယ်ပြောတယ်။ အဓိက ကတော့လမ်းပိတ်ဆိုးမှုဖြစ်တာရော လူသေမှုအထိဖြစ်ခဲ့တာတွေရောကြောင့် ပိတ်လိုက်တယ်ကြားနေတယ်။ ဘယ်အဖွဲ့အစည်းကပိတ်လိုက်လဲ ၊ရွာဘက်က လူကြီးကပဲပိတ်လိုက်လားတော့ မပြောတတ်ဖူး” လို့ ကျောက်မဲဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ ကျောက်မဲမြို့ ၁၁မိုင်ရွာဟောင်းအနီးက တောင်ကျရေကိုချိုးပါက လေဖြတ်ရောဂါအပါအဝင် ရောဂါမျိုးစုံ ပျောက်ကင်းကြောင်း သတင်းပျံနှံမှုတွေအရ အဆိုပါနေရာကို ရေချိုးလာကြသူတွေနဲ့ ပွဲလမ်းသဘင်ကဲ့သို့စည်းကားမှုတွေရက်သတ္တပတ်အတော်ကြာသည်အထိရှိခဲ့တယ်လို့သိရပါတယ်။

တောင်ကျရေချိုးရတဲ့နေရာဟာ ကားလမ်းမအနီးတည်ရှိတာကြောင့် ရေချိုးလာသူတွေများလာလို့ ကားလမ်းပိတ်ဆို့မှုတွေလည်းဖြစ်ခဲ့ပြီး အောက်တိုဘာလ၁၇ရက် ကလည်း ရှမ်းပြည်နယ် ၊ နန့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာမှာနေထိုင်တဲ့အသက် ၄၅နှစ်အရွယ် ဒေါ်မြထွန်း ဆိုတဲ့အမျိုသမီး က တောင်ကျရေချိုးပြီးအပြန် ကားပေါ်တက်ရာက အတူလာသူ၄ဦးနဲ့အတူ ခြေချော်ကာပြုတ်ကျခဲ့ပြီး ကျန်၃ဦးမှာ ပွန်းပဲ့ဒဏ်ရာသာရခဲ့ပြီး ဒေါ်မြထွန်းကတော့ေသေဆုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ယင်းအမျိုးသမီးသေဆုံးခဲ့မှုအပါအဝင် လမ်းပိတ်ဆို့မှုတွေနဲ့ဆက်စပ်ပြီး တောင်ကျချောင်းရေချိုးတဲ့နေရာကို ပိတ်ထားကာ ရေလာချိုးခွင့်မပြုတော့တာဖြစ်ကြောင်းနဲ့ အဲ့ဒီ့တောင်ကျချောင်းရေဟာ ကျောက်မဲမြို့ကနေ နာရီဝက်ခန့် ၊ ကျောက်မဲ-မိုင်းငေါ့လမ်းကြား ၊၁၁မိုင် ရွာဟောင်းအနီးမှာ ယခင်ကတည်းကရှိနေခဲ့ကြောင်းသိရပါတယ်။