ပျဉ်းမနားမြို့အရှေ့ဘက်ရှိ ဆင်ဖြူတောင် တောင်ပြိုကျကာ ၂ဦးသေဆုံး

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဆင်ဖြူတောင်မှာ တောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ပျဉ်းမနားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

ယနေ့ အောက်တိုဘာလ ၆ရက် နေ့လည် ၁နာရီဝန်းကျင်ခန့်က ပျဉ်းမနားမြို့နယ် အရှေ့ဘက်ရှိ ဆင်ဖြူတောင် အမြင့်ပေ ၁၀၀၀ခန့်မှာ တောင်ပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“တောင်ပေါ်အမြင့်ပေ ၁၀၀၀ခန့်မှာ တရားမဝင်ရွှေတူးသူ ၃ဦးပိတ်မိခဲ့တာပါ။ ၁ဦးက အနီးရောင်အဆင့် နောက် ၂ဦးကတော့ သေဆုံးသွားပါတယ်”လို့ အရန်မီးသတ်တပ်ဖွဲ့က ဆိုထားပါတယ်။

တောင်ပြိုကျမှုအတွင်း တရားမဝင်ရွှေတူးသူ ၃ဦးပိတ်မိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းအပါအဝင် အရန်မီးသတ်တပ်ဖွဲ့၊ ပရဟိတနဲ့ ကြက်ခြေနီအဖွဲ့များက ထွက်ခွာကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါဆင်ဖြူတောင် တောင်ပြိုကျတဲ့ဖြစ်စဉ်အတွင်း ပိတ်မိခဲ့သူ ၃ဦးအနက် တစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိပြီး နောက် ၂ဦးမှာ သေဆုံးသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။