မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ကွမ်းသီးကန်ကျေးရွာအနီးတွင် PDF ပဒက်များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အောက်တိုဘာလ ၂၃ ရက် နေ့လည်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ကွမ်းသီးကန်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် အသေးစိတ်ရှာဖွေ ရှင်းလင်းခဲ့ရာ PDF ပဒက်များ၏ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ UURF(YSO) တံဆိပ်ပါ အင်္ကျီ ၃ ထည်၊ တဲ ၁၀ လုံး၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရပါတယ်။