သားဖြစ်သူ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌအတွက် အစာငတ်ခံဆန္ဒပြနေသည့် မိခင်

သားဖြစ်သူ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌ ရူဘီယာလက်စ်အတွက် အစာငတ်ခံဆန္ဒပြနေသည့် မိခင်ဖြစ်သူကို တတိယမြောက်နေ့တွင် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဘယ်ယာသည် စပိန်နိုင်ငံတောင်ပိုင်းကမ်းခြေ မိုထရီလ်မြို့ရှိ Divina Pastora ဘုရားကျောင်း၌ တနင်္လာနေ့မှစတင်ကာ ဆန္ဒပြနေခြင်းဖြစ်ပြီး အစာငတ်ခံဆန္ဒပြမှုကို နေ့ရောညပါပြုလုပ်မည်ဖြစ်သလို အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စပိန်အခြေစိုက် EFE သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် တတိယမြောက်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံဘုန်းတော်ကြီးတစ်ဦးဖြစ်သူ အန်တိုနီယိုက ပြောကြားသည်။

ရူဘီယာလက်စ်သည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ စပိန်အသင်း ဗိုလ်စွဲပြီးနောက် ဆုတံဆိပ်ပေးအပ်ချီးမြှင့်စဉ် တိုက်စစ်မှူး ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သောကြောင့် ပြဿနာများ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ၎င်းအား ကနဦးအဖြစ် ရာထူးမှ ရက် ၉၀ ရပ်ဆိုင်းထားပြီး စပိန်အစိုးရကလည်း အရေးယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

CRD