ဆီးရီးယားမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် ဗိုလ်ချုပ်တစ်ဦး ‌ေ-သဆုံး

ဆီးရီးယားနိုင်ငံ မြိုတော် ဒမတ်စကတ်ပြင်ပနေရာတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တစ်ဦး ‌ေ-သဆုံးခဲ့တယ်လို လုံခြုံရေးသတင်းရင်းမြစ် သုံးခုနဲ့ အီရန်နိုင်ငံပိုင် မီဒီယာတိုက ထုတ်ဖော်ပြောဆိုပါတယ်။

အဆိုပါ အကြံပေးအရာရှိကို ဆေယက် ရာဇီ မိုဆာဗီလို သိကြပြီး သူဟာ ဆီးရီးယားနဲ့ အီရန်နိုင်ငံတိုအကြား စစ်ရေးမဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တာဝန်ယူရသူဖြစ်တယ်လို သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဋ္ဌာနကို ပြောဆိုကြပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံဋ္ဌာနက ပုံမှန်သတင်းတင်ဆက်မှုကို ရပ်ဆိုင်းပြီး မိုဆာဗီ ‌ေ-သဆုံးသတင်းကို ထုတ်လွှင့်ကြေညာခဲ့ရာမှာ သူဟာ ဆီးရီးယားရှိ အစောင့်တပ်ရဲ့ ဝါအရင့်ဆုံး အကြံပေးအရာရှိတွေထဲက တစ်ဦးဖြစ်တယ်လို ဖော်ပြခဲ့ပါတယ်။