စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်းဆင်းအရာရှိများ၏ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၂၅ရက်က စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅၊၁၆၊၁၇၊၁၈၊၁၉) ကျောင်းဆင်းအရာရှိများ၏
ဆဌမအကြိမ် အာစရိယပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ အနော်ရထာခန်းမ၌ ကျင်းပရာ
စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၅)မှ(၁၉)အထိ ကျောင်းဆင်းအရာရှိများနှင့် ကန်တော့ခံ ဆရာကြီး၊ ဆရာမ
ကြီးများ တက်ရောက်ကြပါတယ်။
စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ်(၁၅)မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေမှ
ပေးပို့သည့် ကန်တော့ပန်းဆင် စာလွှာအား အမှတ်စဉ်(၁၅)မှ ကျောင်းဆင်းအရာရှိတစ်ဦးက ဖတ်ကြားပြီး
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်
ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် ကန်တော့ပန်းဆင် စာလွှာအား အမှတ်စဉ်(၁၉)မှ
ကျောင်းဆင်းအရာရှိတစ်ဦးက ဖတ်ကြားပါတယ်။
စစ်တက္ကသိုလ်တွင် ပညာသင်ကြား ပြသပေးခဲ့ကြသော ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ဗိုလ်လောင်း
သင်တန်းအမှတ်စဉ်(၁၅)မှ(၁၉)အထိ ကျောင်းဆင်းအရာရှိများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီးနောက်
ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီးတစ်ဦးက ဩဝါဒစကားပြောကြားကာ ကျောင်းဆင်း
အရာရှိများက ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများအား ကန်တော့ ပစ္စည်းများ အသီးသီး ပေးအပ်ကြတယ်လို့ သတင်းရရှိပါတယ်၊