ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်pdfအဖွဲ့မှ ပြည်သူ၄ဦးအား သတ်ဖြတ်ပြီး လက်လုပ်မိုင်းများထောင်ထားခဲ့

ဒီဇင်ဘာလ ၂၅ရက် ၁နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ြို့၊ သားကျင်ကျေးရွာနှင့် ရေဇင်း
ကျေးရွာ သွားလမ်းဘေးတွင် အမျိုးသားအလောင်း ၄ ဦးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲဝင်များမှ
သွားရောက် စစ်ဆေးခဲ့ရာ သားကျင်ကျေးရွာနှင့် ရေဇင်းကျေးရွာသွား လမ်းဘေးတွင်အကြမ်းဖက်များ ထောင်ထား
သည့် PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံးအားတွေ့ရှိသဖြင့် ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့
ပြီး မိုင်းထောင်ထားသည့်နေရာအနီးတွင် သေနတ်မှန်ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားအလောင်း၄လောင်းတွေ့ရှိခဲ့
ရပြီး အလောင်းများအနီးတွင် M-22 ကျည်ခွံ ၆ ခုအား သိမ်း ဆည်းရမိခဲ့ကြောင်းသိရှိရသည်။