ပဲခူး တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့

ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၂နာရီ ၅၀မိနစ် ချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၃)
ရပ်ကွက်၊ ထောင်လမ်းနှင့် (၅)လမ်းထောင့်တွင်မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
ယင်းမီးလောင်မှုကို တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ရေသယ်ယာဉ် (၂)စီး၊ ကေတုပရဟိတ
အသင်းမှ ရေသယ်ယာဉ် (၁)စီး၊ မဟာမေတ္တာပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊
သန္ဓေမီးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁နာရီ ၁၄မိနစ် အချိန်တွင်
မီးငြိမ်းသွားတယ်လို့ မီးသတ်က ပြောပါတယ်။
မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးတန်ဖိုးကိုတော့ စိစစ်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။