မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်တက်ကားလမ်း၌ မြေပြိုကျမှုဖြစ်ပေါ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း၌ ယနေ့ (ဇူလိုင် ၂၉ ရက်) နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်တက်ကားလမ်း မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြေပြိုကျမှုကြောင့် ကျိုက်ထီးရိုးတောင်တက်ကားလမ်း ရသေ့တောင်အကျော် စခန်းလေးကျောင်းအနီးတွင် ကားလမ်းပေါ်သို့ မြေပြိုကျ၍ လမ်းတစ်ဝက်ပိတ်သွားခဲ့ပါတယ်။

အလားတူ ယနေ့ နံနက်ပိုင်း၌ပင် ကျိုက်ထီးရိုးစေတီတော်၏ ကျီးကန်းပါးစပ်ဂူသို့သွားသည့်လမ်းပေါ်ရှိ ဆိုင် ၂ ဆိုင်ပေါ်သို့လည်း မြေများပြိုကျကာ ပိမိ၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှုများ မရှိခဲ့ကြောင်း သိရပြီး လမ်းပိတ်နေမှုများကို တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပေးခဲ့သည်ဟု သိရသည်။

crd; mhtnews