ဗန်းမော်ဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနတွင်အသုံးပြုရန် အောင်ဇေဆရာတော်မှ သိန်း ၅၀၀ လှူဒါန်း

ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် မူလမြိုင်ကြီးငူဆရာတော်ဘုရားကြီးဦးသုဇာတအားရည်စူး၍-လက်ရှိမြိုင်ကြီးငူဆရာတော်ဦးဉာဏိက(ဖူးစာချ)ကိုအမှူးထားလျှက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲဝင်များနှင့်မြိုင်ကြီးငူအထူးဒေသမှ(၇)ရက်သားသ္မီးများပေါင်းစု၍ကောင်းမှုပြုကာ အလှူတော်ငွေသိန်း၅၀၀-သိန်းငါးရာကျပ်တိတိကို ယနေ့ ဇွန်လ ၁ ရက်နေ့တွင်နေပြည်တော် ရာဇအောင်မြေကျောင်း အောင်စေဆရာတော်မှ သွားရောက်လှူဒါန်းပေးခဲ့ပါကြောင်းသိရပါတယ်။