မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌸ဆင်းရဲမှုကို ကျောပိုးမထားပါနဲ့🌸

အတွေးတွေ မမှန်တာဟာ
ဒုက္ခကို ကျောပိုးထားခြင်းပါ ။

လောကမှာ ရေများရင် မီးကိုနိုင်သလို
တရားများရင် အပူကိုနိုင်ပါတယ် ။

အတွေးရှည်လို့ ဒုက္ခဖြစ်မှုရှည်သလို
ခံစားမှု မပြီးလို့ ဆင်းရဲမှုရှည်ရတာပါ ။

ကိုယ့်အတွေးမရပ်သရွေ့ကတော့
ကောင်းကောင်းနှိပ်စက်ခံရအုံးမှာပါ ။

လိုချင်မှုဖြစ်လို့ ဆင်းရဲရတယ်ဆိုရင်
ဖြစ်တဲ့လောဘလေးကို ဖယ်ရှားပစ်ရင်
စိတ်သက်သာရာ ရသွားပါတယ် ။

မကျေနပ်လို့ ဆင်းရဲရတာဆိုရင်
ဖြစ်တဲ့ဒေါသလေးကို ဖယ်ရှားပစ်ရင်
စိတ်အေးချမ်းမှုတွေ ရသွားပါတယ် ။

မိမိကိုယ်ရဲ့အတွင်းမှာ
မသင့်တာတွေကို နေရာပေးထားရင်
ပူလောင်မှုတွေ ဖြစ်နေရအုံးမှာပါ ။

မရှိမပြည့်စုံလို့ ပူရတာမဟုတ်ပါဘူး
မသိလို့ မဖယ်လို့ ပူရတဲ့အပူတွေပါ ။

ကိုယ်က အဆိုးကို လက်ခံမထားပဲ
ကောင်းတဲ့ဘက်ကိုတွေးနိုင်ရင်
နေထိုင်ရတာ အဆင်ပြေသွားပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏