ပဲပြားကို ဘယ်လိုမျိုးအရသာရှိအောင်ချက်စားမလဲဆိုတာကြည့်ရအောင်

ပါဝင်ပစ္စည်းများ

ပဲပြား- ၂ တုံး

ခရမ်းချဉ်သီး – ၂လုံး

ကြက်သွန်နီ-၁လုံး

ကြက်သွန်ဖြူ – ၄ မွှာ

ငရုတ်သီး – နီ စိမ်း ၄ တောင့်

နံနံပင်- အနည်းငယ်

မှို ၇ ပွင့်

သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

သကြား- အနည်းငယ်

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ဆီ- စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။      ကြက်သွန်ဖြူ၊ကြက်သွန်နီထောင်းထားပြီး ဒယ်အိုးထဲမှာ ဆီသတ်ပါ။အနံမွှေးလာပြီ ဆိုရင်ငရုတ်သီးစိမ်းပါးပါးလှီး ဆီသတ်ထည့်ပါ။

၂။     ခရမ်းချဉ်သီးကို အတုံးသေးများတုံးပြီး ထည့်ပါ။ ပဲပြားကိုသေချာတုံးပြီး မှိုထည့်ပါ။

၃။      အရသာများထည့်ပြီး ရေထည့်ကာ ၃ မိနစ်ခန့်ထားပါ။

၄။       အရသာမှာ ချို၊စပ်၊စိမ့် အရသာဖြစ်ပြီ ဆိုရင် နံနံပင်ကို နှပ်နှပ်စင်းပြီး ဖြူးထည့်ပေးပါ။

၅။       အနံ့၊အရသာပြည့်စုံပြီ ဆိုရင် ပန်းကန်ပြားထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။