ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပ ကစားသမားဆုရရှိခဲ့တဲ့ မက်ဆီ

PSG အသင်းနှင့် လမ်းခွဲပြီး အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၂၂-၂၃ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပကစားသမားဆုကို ရရှိခဲ့ကြောင်း သိရသည်။
အကောင်းဆုံးပြည်ပကစားသမားဆုကို ယခုမှ ကြေညာခြင်းဖြစ်ပြီး အကောင်းဆုံးကစားသမားဆုကို အသင်းဖော် ဘာပေ ရရှိကြောင်းနှင့် အခြားဆုရရှိသူများကိုမူ မေလကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။