သိစေလို၍ မျှဝေပေးပါရန်

မျှဝေပေးပါရန် အမျိုးများ🇲🇲

ဖေဖော်ဝါရီလ ၁၉ ရက်

ကယားပြည်နယ်တိုက်ပွဲတွင် ကျဆုံးသွားသော အရာရှိ/စစ်သည်များ၏ လက်ကိုင်ဖုန်းများသည်အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်ဝယ်သို့ရောက်သွားနိုင်ပါသည်။

အချိုသောကျဆုံးအရာရှိ/စစ်သည်များ၏ (Facebook Account ၊ Viber) များသည် ဆက်လက်အသုံးပြုနေကြောင်း ၎င်းအရာရှိ/စစ်သည်များနှင့်ခင်မင်သူများထံမှသိရပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကောက်ကျစ်ယုတ်မာစွာ ကျဆုံးသူများ၏ ဖုန်းအား အသုံး ပြု၍ တပ်မတော်အတွင်းသတင်းများအား တပ်မတော်သားများနှင့် မိသားစုဝင်များထံမှရယူခြင်း၊ငွေကြေးလိမ်လည်ရယူခြင်း၊ခြိမ်းခြောက်ခြင်းစသည်ဖြင့် နည်းမျိုးစုံလိမ်လည်လှည့်ဖြားမှုများ ပြုလုပ်လာနိုင်သည်။

ကျဆုံးသူများနှင့်ရင်းနှီးခင်မင်ခဲ့သောသူများအနေဖြင့်အရေးကြီး အချက်အလက် များပေးပိုထားပါက မိမိတိုပေးပိုထားသည့်အချက် အလက် များကိုပြန်လည် ဖျက်ပြစ်ခြင်း၊ ဆက်သွယ်လာပါကလည်း စိစစ်၍ စစ်ဆေးမေးမြန်းမှုများဆောင်ရွက်ပြီး တာဝန်ရှိသူများအားအသိပေးသင့်ပါသည်။

အခြားနေရာဒေသများတွင်လည်း ယခုဖြစ်စဉ်များပေါ်ပေါက်နိုင်သဖြင့် သတိထားမိနိုင်အောင်ဖော်ပြပေးခြင်းဖြစ်ပါသည်။ #Crd