အကြမ်းဖက်PDF ထောင်ထားသည့် မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ပြည်သူ(၂)ဦးဒဏ်ရာရ

မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ရောက်ရှိနေကြောင်းသတင်းအရ း သွားရောက်စစ်ဆေးရာ ဦးသောင်းဌေး(၅၂)နှစ်( ရွှေပန်းကုန်းကျေးရွာ ဝက်လက်မြိုနယ်နေသူ)တွင် ယာ(ပါး/လက်/ခါး/ ပေါင်)တို့တွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းနွယ်(၅၀)နှစ်တွင်ယာ(ပါး/လက်/တင်ပါး) မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)အသီးသီးရရှိထားကြောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။