နိုင်ငံတကာမှသတ်မှတ်ထားတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG,EAOsအချို့နှင့် PDFများ

ယခုဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဥ်ကာလအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက် NUG ,EAOsအချို့နဲ့PDF အဖွဲ့တွေ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်…

ဒီလိုတိုက်ပွဲဖြစ်စဥ်တွေအတွင်းမှာ NUG,EAOsအချို့နဲ့ PDF အကြမ်းဖက်အဖွဲ့တွေထံမှ အသက်ရှင်လျက်ရှိသည့် သောင်းကျန်းသူအများကိုတပ်မတော်မှ အများအပြားဖမ်းဆီးရမိခဲ့ပါတယ်..

ဒီလိုဖမ်းဆီးရမိသည့် လက်နက်ကိုင်အကြမ်းဖက်သမားတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အသက် ၁၈ မပြည့်သေးတဲ့ ကလေးငယ်များ အများစုဖြစ်နေကြပါတယ်

ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်းနဲ့ပတ်သက်ပြီးကာကွယ်ဖို့ နိုင်ငံတကာမှ သဘောတူညီထုတ်ပြန်ထားတဲ့ဥပဒေမှာ ကလေးသူငယ်ဆိုတဲ့ အဓိပ္ပါယ်လေးကိုပြောချင်တယ်

Article-2 ရဲ့ စာပိုဒ်
(၂-၃ ) မှာ ကလေးသူငယ်များ ဆိုတာ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်းဗေးရှင်းနှင့်အညီ အသက် ၁၈ နှစ်မပြည့်သေးသူများကို ရည်ညွှန်းသည်။

(၂-၈)မှာဆိုရင် “တပ်သားစုဆောင်းခြင်း” ၁၈ နှစ်အောက် ကလေးများကို အတင်းအဓမ္မ လူသစ်စုခြင်း ။

ကျန်တာတွေအများကြီးရှိသေးတယ် ထည့်မရေးတော့ပါဘူး

နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကလေးသူဆိုင်ရာပြဌာန်းချက်တွေကို လျစ်လျူရှုပြီး ကလေးငယ်တွေကို လက်နက်တပ်ဆင်ကာ မြန်မာ့တပ်မတော်နဲ့ ရင်ဆိုင်တိုက်ခိုင်းနေတဲ့ NUG ,EAOs အချို့နဲ့PDF အကြမ်းဖက်သမားတွေဟာ ဥပဒေကိုပြောင်ပြောင်းတင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတကာသို့ သက်သေများကိုစနစ်တကျစုဆောင်းပြီး ပေးပို့ဖို့ ပြင်ဆင်နေတယ်လို့လည်းသိရတယ်..

ဒီတော့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို တိုက်ပွဲမှာအသုံးချပြီး နိုင်ငံတကာကထုတ်ပြန်ထားတဲ့ ကလေးသူငယ်များစစ်မှုထမ်းခြင်းနဲ့ စစ်ပွဲတွင်အသုံးချခြင်းမှကာကွယ်တားဆီးခြင်းဆိုတဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ အဖွဲ့တွေ မကြာခင်ကာလတွေမှာ ပြန်လည်ဖြေရှင်းဖို့ အသင့်ပြင်ထားကြပါလို့ပဲ ပြောချင်တယ်။