ကလေးမြို့နယ်၊ နတ်ကြီးကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် PDF၁ ယောက် ဖမ်းဆီးရမိ

ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်အား စစ်ဆေးဆောင်ရွက်နေစဉ် တမူးမြို့နယ်မှ မောင်းနှင်လာသော ခရီးသည် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် လွန်မင်းထန်သည် PDF ၁ ယောက်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။