နွေရူးတော်လှန်ရေးအတွင်း ABSDF တပ်ဖွဲ့ဝင်အများအပြားသေဆုံးကြောင်းဖော်ပြ

ABSDF အနေဖြင့် နွေဦးတော်လှန်ရေး ကာလအတွင်းမှာ တိုက်ပွဲပေါင်း (၂၈၀)ရှိခဲ့ပြီး ABSDF ဘက်မှ ၂၄ဦး သေဆုံး၊ ၅၀ဦးဒဏ်ရာရရှိခဲ့တယ်လို့ABSDF ၁၂ ကြိမ်မြောက်ညီလာခံမှာထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

၈၈၈၈နောက်ပိုင်း ABSDF အဖွဲ့တောတွင်းဥပဒေနဲ့အချင်းချင်းသတ်ဖြတ်လိုက်သည့် အရေအတွက်အထိမမှီသေးဘူးလို့လည်းဆိုပါတယ်။ ABSDF တောင်ပိုင်းတစ်ဖွဲ့လုံးဆိုရင် အတော်များများ ၈၈ ကာလအတွင်း အချင်းချင်းသတ်ဖြတ်မှုများကြောင့်သေဆုံးကုန်ကြတာလည်း ဖြစ်ပါတယ်။ ABSDF များအနေဖြင့် ယခုကာလတိုက်ပွဲစဉ်များအတွင်း ၎င်းတို့ဖော်ပြထားသည့် ၂၄ ဦးထက်ပင် ပိုမိုများပြားနေပြီး ၎င်းအဖွဲ့အစည်းရပ်တည်ရေးအတွက် အလွန်ပင်ခက်ခဲနေကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့်မို့ ပြည်သူများအနေဖြင့် အကြမ်းဖက် ABSDF အန္တရာယ်များကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။