မူတြော်ခရိုင် တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

***နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း၌ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/ PDF များ ထိတွေ့တိုက်ပွဲ ၃ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ အများပြည်သူများ အထင်အမြင်မှားအောင် ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။