Khit Thit ကရေးတဲ့ ရေတာရှည်တိုက်ပွဲသတင်းအမှား

ဇူလိုင်လ ၃ ရက် ညနေ ၂ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် ရေတာရှည်မြို့နယ်၊ စည်ပိုင်း ကျေးရွာအုပ်စု၊ အိုးမြေတူး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာအကြား နှမ်းခင်းအရောက်၌ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၃ ရက်နေ့၌ ရေတာရှည်မြိုနယ်၊ အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာအကြားတွင် pdf တွေက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်မရင်ဆိုင်ရဲသောကြောင့် အဝေးနေရာမှချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ pdf တွေ ချောင်းတိုက်တာကိုမရေးဘဲ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်ဆိုပြီး ထင်မှတ်မှားအောင် လိမ်ညာရေးသားထားခြင်းပဲဖြစ်ပါတယ်။

Misinformation

FACT-CHECK

https://t.me/factcheckmm