ရခိုင်တိုက်ပွဲနောက်ဆုံးရသတင်း

(စစ်တွေမြို့)
မတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲခန့်က စစ်တွေမြို့၊ အမြင့်ကျွန်းတံတားရှိ လုံခြုံရေးအဖွဲ့အား AA အကြမ်းဖက်သောင်းကျန်းသူများမှ RPG/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(ဘူးသီးတောင်မြို့)
မတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲခန့်က စဗခဘူးသီးတောင်အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့သောကြောင့် အဆိုပါပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် တန်ပြန်ချေမှုန်းခဲ့ကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရှိရသည်။ ထိုအပြင် တောင်ဘဇာ ၅၅၂ တပ်ရင်းအား ညနေပိုင်း ၄ နာရီခွဲခန့်က အဝေးမှနေ၍ စနိုက်ပါ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါနေရာများအား လက်နက်ကြီး/ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ရင်ဆိုင်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

(အမ်းမြို့)
မြို့တောင်ဘက် ၁၀ မိုင်အကွာ အမ်း – ကျောက်ဖြူလမ်းဘေး လုံရွာအနီး တောင်ကုန်း၌ AA အကြမ်းဖက် သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံတပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းတိုက်ခဲ့ရာ အဆိုပါနေရာ၌ နံနက်ပိုင်း ၁၀ နာရီကျော်မှစ၍ ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူတို့ဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းမှုကြောင့် သောင်းကျန်းသူများ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်း၊ အဆိုပါ သောင်းကျန်းသူစခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ သောင်းကျန်းသူအားပေးမီဒီယာများနှင့် ရမ်းသမ်းရေး မီဒီယာများတင်နေသလို မည်သည့်တပ်ဌာနချုပ်မှ တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်းနှင့် တပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းခဲ့ခြင်းသာရှိခဲ့ကြောင်း သိရှိရသည်။

MinChitoo