စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်

၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၄)မှ(၂၈)ရက်နေ့အထိ ပြင်ဦးလွင်မြို့ ၊ မီးပုံးပျံကွင်း၌ ဝင်ကြေး(အခမဲ့)ဖြင့် မနက်(၉း၀၀)နာရီမှည(၁၁း၀၀)နာရီအထိ အများပြည်သူအားလုံးလွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲ နိုင်ရေးအတွက် (၅)ရက်တိုင်တိုင် အောက်ဖော်ပြပါ အစီအစဥ် ကောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

✅ပါဝင်ကျင်းပမည့်အစီအစဥ်များ –
⚜️ ရှမ်းရိုးရာအကအလှများနှင့် တေးဂီတဖျော်ဖြေရေးများ
⚜️ ကျောက်ဆည်ဆင်အကအလှများ
⚜️ မြန်မာသံစဥ်တေးဂီတဖျော်ဖြေရေးအစီအစဥ်များ
⚜️ DJ အစီအစဥ်များ
⚜️ အခမဲ့ရုပ်ရှင်ပြသသည့်အစီအစဥ်များ
⚜️ ကံစမ်းမဲအစီအစဥ်များ
⚜️ ကလေးများအတွက် ကစားကွင်းများ (ပင်လယ်ဓါးပြနှင့် ချား၊ရဟက်များ)
⚜️ ကုန်စည်ပြပွဲများ
⚜️ စည်ကားသောဈေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများ ကျင်းပသွားမှာပါ။

သီဆိုဖျော်ဖြေမည့် နိုင်ငံကျော်အနုပညာရှင်များမှာ နိုင်ငံကျော်အဆိုတော်များဖြစ်သည့် မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ပူစူး၊ မီ၊ နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ ဖြစ်သည့် ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ်ဟန်၊ ခင်လှိင်နှင့် ဟာသသရုပ်ဆောင်များ ဖြစ်ကြောင်း သိရပါတယ်။