ဩဂုတ်လ ၁ ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပမည်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပမည်ဖြစ်ပါတယ်။
ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲသို့ ပြည်ပ ၉ နိုင်ငံမှ သံဃာတော် အပါး ၇၀ ကျော် နှင့် ပြည်တွင်းမှ သံဃာတော် အပါး ၉၀၀ ကျော် ကြွရောက်ပူဇော်မည်ဖြစ်ကြောင်းသိရပါတယ်။