မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

မိမိကိုယ်ကို
ပူလောင်စေတတ်တဲ့အရာ
ဒုက္ခပေးတတ်တဲ့အရာဆိုရင်

ဘယ်လောက်ပဲ
အဖိုးအင်မတန်ကြီးပါစေ ။

ဘယ်လောက်ပဲ ခင်မင်စရာ
ကောင်းနေပါစေ
သိမ်းပိုက်မထားသင့်ပါဘူး ။

ဆင်းရဲကင်းပြီး
ချမ်းသာချင်တယ်ဆိုရင်တော့
ရဲရဲကြီးသာစွန့်လွတ်လိုက်ပါ ။

ကိုယ်လိုချင်နေတဲ့
ချမ်းသာသေးသေးလေးထက်
အများကြီးသာတဲ့
ချမ်းသာမှုကိုရစေပါလိမ့်မယ် ။

မစွန့်ရဲရင်တော့
ပူလောင်မှုလောင်အိမ်ထဲကနေ
ဘယ်လိုမှ လွတ်မှာမဟုတ်ပါဘူး ။

အဆင်ပြေသွားတဲ့ဘဝဆိုတာ
လွယ်လွယ်လေးရတာမဟုတ်ပါဘူး ။

မကောင်းတာတွေကိုဖယ်လို့
ကောင်းတာတွေနဲ့ပဲဆက်သွယ်ပြီး
နေသွားတတ်မှအဆင်ပြေကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏