မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးသင်္ကန်းတော် ဆက်ကပ်လှူဒါန်း

တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက် အရုဏ်တက်မှာ မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၃၃ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော်ဆက်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပခဲ့ပါတယ် ….. တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တက်တာနဲ့တပြိုင်နက် မသိုးမြတ်သင်္ကန်းကိုင်ဆောင်၍ လက်ျာရစ် ၃ ပတ်လှည့်လည်ခြင်းများဖြင့်လည်း ပူဇော်ခဲ့ကြပါတယ်….