ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသူ/နိုင်ငံသားခေါ်ဆောင်ပြီး သက်ဆိုင်ရာဒေသအသီးသီးသို့ ပို့ဆောင်ပေး

ထိုင်း နိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား(၆၇၉)ဦးတို့အား ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် မိမိနေအိမ်များသို့ အမြန်ပို့ဆောင်ပေးရန်နှင့် အလှမ်း ဝေးသည့်နေရပ်များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

               ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့သို့ရောက်ရှိနေသော နေရပ်ပြန်မြန်မာနိုင်ငံသား(၆၇၉)ဦးအနက် တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ နေရပ်ပြန်များအား ကော့သောင်း မြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ပို့ ဆောင်ပေးသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ကော့သောင်းမြို့၌ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့မှ  နေရပ်ပြန် မြန်မာနိုင်ငံသား (၁၇၀)ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တင်ဆောင်၍ ၎င်းတို့အနက် မွန်ပြည်နယ်မှ ၅၂ ဦးအား မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ပို့ဆောင် ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် နေရပ်ပြန်များအား ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

               ထို့ပြင် ဝေးလံသော ရခိုင်ပြည်နယ်မှ နေရပ်ပြန်(၁၁၁)ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ များမှတစ်ဆင့် သက်ဆိုင်ရာမြို့များအသီးသီးသို့ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

               စစ်ရေယာဉ်များပေါ်တွင် လိုက်ပါလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား စနစ်တကျ နေရာချထားပေးပြီး အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက် စေခြင်း၊ ရေယာဉ်ပေါ်တွင် ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်း၊ ဖျော်ဖြေ ရေးအစီအစဉ်များနှင့် ရုပ်ရှင်များပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

“ယခုကျွန်မကို လာခေါ်တဲ့ အချိန်မှာ ပျော်တယ်။ နေလို့လည်းမရဘူး။ စားလို့လည်းမရဘူး။  မအိပ်ပဲနဲ့ ထိုင်နေတယ်။ ကျွန်မတို့ကို လွတ်မြောက်အောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

        ကျွန်တော်အချုပ်ထဲမှာ ၄ / ၅ လလောက်နေခဲ့ရတယ်။ တော်တော်စိတ်ဆင်း ရဲရတယ်။ တော်တော်ဆိုး ပါတယ်။ အချုပ်အခြေအနေကတော့။ စားရေးသောက် ရေးကတော့ လုံးဝအဆင်မပြေပါဘူး။ ထမင်းက နည်းနည်းလေးပဲစားရပါတယ်။ ရေချိုးရတာလည်း အဆင်မပြေပါဘူး။ ၄ ခွက် ၅ ခွက် အဲ့လောက်ပဲချိုးရပါတယ်။ အခန်းသေးလေးတစ်ခန်းကို လူ ၁၈၀/ ၁၉၀ ထည့်ထားပါတယ်။ ဘယ်လိုမှ အဆင်မပြေပါဘူး။ ညဆိုလည်း အိပ်လို့မရပါဘူး။ ညဆိုတစ်ညလုံး ထိုင်နေရပါတယ်။ တော်တော်ဆိုးပါတယ်။ တော်တော်လည်း စိတ်ဆင်းရဲ ရပါတယ်။ အဲ့ဒီအထဲ မှာ နေရတာ။ ကျန်းမာရေး တစ်ခုခုဖြစ်ရင်လည်း တော်တော်ဆိုးပါတယ်။ ဆေးဝါးတွေလည်း မရဘူး။ ကိုယ်ဖြစ်ကိုယ်ခံလိုက် အဲ့လိုပါပဲ။ အသက်ဆုံးရှုံးရတာ အများကြီး ရှိပါတယ်။ တော်တော်ဝမ်းနည်း ရပါတယ်။ တော်တော်ဆိုးပါတယ်။ ခုလို မမျော်လင့်ပဲ နေရပ်ပြန်ရမယ်ဆိုတော့ တော်တော်ဝမ်းသာပါတယ်။ ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ပြန်ရမယ်ဆိုတာ သိရတဲ့ အချိန်မှာ အိပ်တောင်အိပ်မပျော်ပါ ဘူး။ တစ်ညလုံး ထိုင်စောင့်နေကြပါတယ်။ တအားပျော်သလို တအားဝမ်းသာပါ တယ်။ ဒီလိုပြန်ရဖို့အတွက် စီစဉ်ပေးတဲ့အတွက် တအားဝမ်းသာပါတယ်။ အစစအရာရာစီစဉ်ပေးတဲ့အတွက် ဒီကအကိုတွေရော အကြီးအကဲတွေရော ကျေးဇူးတင်ပါတယ်” ဟု ကာယကံရှင်များရဲ့ ကျေးဇူးတင်စကားများကိုလည်း ကြားသိခဲ့ရပါတယ်။