အမ်းမရိတ်စ်ကွင်းမျက်နှာစာ Artwork မှာ Arsenal Myanmar Logo ဖော်ပြခြင်းခံရ

ပရီးမီးယားလိဂ်ထိပ်သီးကလပ်အာဆင်နယ်အသင်းရဲ့ အမ်းမာရိတ်စ်ကွင်းမျက်နှာစာ Artwork မှာ မြန်မာ နိုင်ငံကိုယ်စားပြု Arsenal Myanmar Logo ဖော်ပြခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံရှိ အာဆင်နယ်အသင်းအားပေးသူ ပရိသတ်များအတွက် ဂုဏ်ယူစရာအခိုက်အတံ့တစ်ခုဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းမျက်နှာစာ Artwork ဖော်ပြချက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့အသင်းအား ပေးသူပရိသတ်အဖွဲ့များရဲ့ အမှတ်အသားများ၊ အလံများ၊ LOGO များကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းထဲတွင် Arsenal Myanmar က ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသား အာဆင်နယ်အသင်းပရိသတ်များကို စုဖွဲပြီး ဖန်အဖွဲ့တ ည်ထောင်ထားသလို Royal Gunners အမည်ဖြင့် အာဆင်နယ်အသင်းအားပေးသူစစ်စစ်များသာပါဝင်တဲ့ အပျော်တမ်းဘောလုံးအသင်းကိုပါတည်ထောင်ထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အင်္ဂလန်အခြေစိုက်ကလပ်အသင်းများရဲ တရားဝင်အသိအမှတ်ပြု ဖန်ကလပ်အဖွဲ့ ၅ ဖွဲ့အထိရှိနေခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ရဲ့ Official Fan Club များအဖြစ် ရှိနေခဲ့တာပါ။