လှည်းကူးမြို့နှင့် အမ်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဘိုသိုးအင်းကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-ပဒါန်းလမ်းကြောင်းပေါ်ရှိ ပတ်ကွေ့ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ(၅)ရွာမှ ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူ ၁၀၅ ဦးတို့ကိုရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။