အလုပ်ခွင်မှာ ကြွက်သားနာကျင်ခြင်းကို သက်သာစေဖို့

အလုပ်ခွင်မှာ ကြွက်သားနာကျင်ခြင်းကို သက်သာစေဖို့ နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်…

*ဇက်နာခြင်း*

၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။

၂။ ခေါင်ကို တစ်ဖက်ကို စောင်းပါ။

၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။

၄။ ခေါင်းကို အရင်ပုံစံကို ဖြည်းဖြည်းချင်း ပြန်ထားပါ။

၅။ အခြားတစ်ဖက်ကိုလည်း တစ်ပုံစံတည်း ပြန်လည် ပြုလုပ်ပါ။

ဆက်လက်ဖတ်ရှုမည်။

*ပုခုံးနာခြင်း*

၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို နားရွက်ထံကို မတင်ပါ။

၂။ ဒီအတိုင်း ၃ စက္ကန့်လောက် နေပါ။

၃။ အသက်ရှူထုတ်ပြီး ပုခုံးကို ပြန်ချလိုက်ပါ။

၄။ ၁၀ ကြိမ် (သို့) ဒီထက်ပိုပြီး ပြုလုပ်ပါ။

*ခြေထောက်နာခြင်း*

၁။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်ရှေ့မှာထားပါ။

၂။ နောက်က ခြေထောက်ကို ဖြောင့်ဖြောင့် ထားပြီး ခြေချောင်းတွေကို ခြေဖဝါးဘက်ကို ကွေးလိုက်ပါ။

၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။

၄။ ခြေချောင်းတွေကို ဖြည်းဖြည်းချင်း ဖြောင့်လိုက်ပါ။

၅။ ခြေထောက်ကို လဲပြီး ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။

*လက်မောင်းဆစ် နာကျင်ခြင်း*

၁။ လက်နှစ်ဘက်လုံးနဲ့ လက်သီးဆုပ် ပြုလုပ်ပါ။

၂။ သင့်ရှေ့မှာ လက်သီးဆုပ်ကို ထားပါ။

၃။ အဆစ်တွေနဲ့ လေထဲမှာ စက်ဝိုင်းပုံစံ ပြုလုပ်ပါ။

၄။ ဦးတည်ရာ နှစ်ဘက်လုံးမှာ ဆယ်ကြိမ်ခန့် ပြုလုပ်ပါ။

*တင်ပါးဆုံ နာကျင်ခြင်း*

၁။ ထိုင်ခုံအစွန်းမှာ မတ်မတ်ထိုင်ပါ။

၂။ နောက်ကျောကို မတ်ထားပြီး ရင်ဘတ်ပိုင်းကို ညာဘက်ကို အနည်းငယ် လှည့်ပါ။

၃။ အနောက်က ဘယ်ခြေထောက်ကို ဆန့်ထုတ်ပါ။

၄။ ညာခြေထောက်ကို ၉၀ ဒီဂရီထားပါ။

၅။ ရင်ဘတ်ကို မတ်ထားပြီး တင်ပါးဆုံးကို ဖိပါ။

၆။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။

၇။ ဖြည်းညင်းစွာ လွှတ်ပြီး စစချင်း ပုံစံကို ပြန်သွားပါ။

၈။ ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။

*တင်ပါးကြွက်သား နာကျင်ခြင်း*

၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။

၂။ ညာဘက်ခြေချင်းဝတ်ကို ဘယ်ဒူးပေါ်တင်ပါ။

၃။ ရှေ့ကို ကုန်းပါ။

၄။ တင်ပါးကြွက်သားတွေ တင်းမာလာတာကို ခံစားရပါလိမ့်မယ်။ လိုတာထက် ပိုမတင်းပါစေနဲ့။

၅။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။

၆။ ဖြည်းဖြည်းချင်း ပြန်မတ်ပါ။

၇။ ကျန်ခြေထောက်တစ်ဖက်နဲ့ ပုံစံတူ ပြုလုပ်ပါ။

*ဒူးနာခြင်း*

၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။

၂။ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ။

၃။ လှုပ်ရှားမှုတစ်ခုအဖြစ် မတ်တပ်ရပ်ပါ။

၄။ ဖြည်းညင်းစွာ ထိုင်ပါ။

၅။ ဒီပုံစံအတိုင်း ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။