မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂါလီလူမျိုး ၇၀ ဦးဖမ်းဆီးရမိ


ဧပြီ ၁၉ ရက်တွင် မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂါလီလူမျိုး ၇၀ ဦးဖမ်းဆီးရမိကြောင်း၊ ၎င်းဘင်္ဂါလီလူမျိုးများကို တနင်္သာရီတိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသို ပိုဆောင်ရန် ခေါ်ဆောင်လာစဉ် ယခုလို ဖမ်းဆီးမိခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ ကျား ၅၈ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၇၀ ဦးပါဝင်ပြီး၊ အဆိုပါ ဖမ်းဆီးရ မိဘင်္ဂါလီလူမျိုး ၇၀ ဦးအား ငပုတောမြိုနယ်၊အရှေ့ပိုင်းရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ”ကောင်းသန့်” ရေသန့် ဂိုဒေါင်တွင် လုံခြုံရေးအစောင့်များချထားကာ ထိန်းသိမ်းထားရှိကြောင်းနှင့်၎င်းတိုကို တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Source: Pan