သွေးချို ဆီးချို ရောဂါအကြောင်း သိကောင်းစရာ

သွေးချို ဆီးချိုရောဂါဖြစ်ပွားသူ အရေ
အတွက်မှာ တစ်နှစ်ထက်တစ်နှစ် တိုး
ပွားလျက်ရှိပါတယ်။
.
၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်း
သွေးချို ဆီးချို ရောဂါရှိသူ ၂၈၅ သန်းခန့်
ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၄၃၈ သန်းထိ
မြင့်တတ်လာနိုင်ကြောင်း ပညာရှင်များက
ခန့်မှန်းထားပါတယ်။
.
သွေးနီဥအတွင်း သကြားဓါတ်ရာခိုင်နှုန်း
(HbA1C) ကို ၂လ တစ်ကြိမ် စစ်ဆေးရန်
လိုပြီး ၆.၅ % ထက် များပါက သွေးချိုဆီးချို
ရောဂါရှိသည်ဟု ယူဆနိုင်ပြီး သွေးချိုဆီးချို
ရောဂါ ထိန်းချုပ်မှု မကောင်းဟုလည်း သတ်
မှတ်ထားပါတယ်။
.
သွေးချိုဆီးချို အမျိုးအစား (၂)မျိုး
=================
အမျိုးအစား(၁) လူငယ်များတွင် အဓိကဖြစ်ပွား
လေ့ရှိပြီး အင်ဆူလင်ဟော်မုန်း မရှိခြင်းကြောင့်
ဖြစ်ပေါ်လာတာပါ။
.
အမျိုးအစား(၂) လူလတ်ပိုင်းများနှင့် သက်ကြီး
ရွယ်အိုများတွင် အဓိကဖြစ်ပွားလေ့ရှိပြီး အင်ဆူ
လင်ဟော်မုန်းကို ခန္ဓာကိုယ်မှ တုံ့ပြန်မှု အားနည်း
ခြင်း(သို့မဟုတ်) အင်ဆူလင် အာနိသင်လျော့ကျ
ခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။
.
ဆီးချိုရောဂါ ရှိ/မရှိ စောစီးစွာ သိနိုင်တဲ့
လက္ခဏာ (၁၀) ရပ်
==============
၁။ ဆီး ခဏခဏသွားခြင်း
၂။ ခဏခဏ ရေငတ်ခြင်း
၃။ အမြဲတမ်း ဗိုက်ဆာခြင်း
၄။ ရုတ်တရက် ကိုယ်အလေးချိန် လျှော့ကျခြင်း
၅။ အမြင်အာရုံ မှုန်ဝါးခြင်း
၆။ ပင်ပန်းနွမ်းလျခြင်း
၇။ ဒဏ်ရာအနာ လွယ်လွယ်နဲ့ မကျက်ခြင်း
၈။ ခြေဖျားနာကျင်ခြင်း၊ ထုံကျင်ခြင်း
၉။ လည်ပင်းမှာ အမဲကွက်လေးများ ဖြစ်ပေါ်ခြင်း
၁၀။ မိန်းမကိုယ်မှာ ပိုးဝင်နိုင်ခြေမြင့်ခြင်း
.
သွေးချိုဆီးချို ရောဂါဝေဒနါရှင်များဟာ အစား
အစာမှန်သမျှ သင့်တင့်မျှတသော ပမာဏကို
စားသောက်ရန်လိုအပ်ပြီး ထန်းလျက်၊ သကြား၊
ကြံသကာ လွန်ကဲစွာပါဝင်သည့် အချိုရည်စသော
အစားအသောက်များကိုမူ လုံးဝ ရှောင်ကြည်ရန်
လိုအပ်ပါတယ်။
.
အဆီဓါတ်လွန်ကဲစွာ ပါဝင်တဲ့ နို့ထွက်ပစ္စည်းများ၊
ကြက်ဥအနှစ် စတာတွေကို ဆင်ဆင်ခြင်ခြင်
စားသုံးရန်လိုပြီး အုန်းသီးပါဝင်တဲ့ အစားအစာ၊
ကြက်အရေခွံ၊ တောင်ပံ၊ ဝက်ဆီ၊ ဝက်ခေါက်တို့
ကိုတော့ လုံးဝရှောင်ရပါမယ်။
.
တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီ
ပမာဏကို ကျန်းမာရေးနှင့် ညီညွတ်စွာ
စားသောက်ဖို့
ကစီဓါတ် (၅၀%) (ဥပမာ-ထမင်း၊ဂျုံ)
အဆီဓာတ်(၃၀%) (ဥပမာ-ပဲဆီ၊ ထောပတ်)
အသားဓါတ်(၁၇%) (ဥပမာ-ကြက်သား၊ငါး)
မျှတစွာ စားသုံးသင့်ပါတယ်။
.
သွေးချိုဆီးချိုရောဂါဟာ အစားအသောက်
ဆင်ခြင်ရန် အလွန်အရေးကြီးပါတယ်။
.
သတိပြုရန်အချက်မှာ ထမင်းနှင့် အချိုပွဲကို
တပေါင်းတည်းစားသုံးခြင်းဖြင့် သကြားဓါတ်
လျင်မြန်စွာ မြင့်တတ်လာနိုင်သဖြင့် ၎င်းအစား
အစာ နှစ်ခုကို ဖြစ်နိုင်လျှင် ၂ နာရီခန့် ခြားပြီး
မှသာ စားသုံးသင့်ပါတယ်။
.
သွေးချိုဆီးချိုရောဂါဟာ လုံးဝပျောက်ကင်း
သွားခြင်းမရှိတဲ့အတွက် ဆရာဝန်ညွှန်ကြား
တဲ့အတိုင်း ဆေးများကို အချိန်မှန်မှန် တိကျ
စွာ သောက်သုံးသင့်ပါတယ်။
.
အငန်လျော့စားခြင်း၊
ကိုယ်အလေးချိန် လျော့ချခြင်း၊
ဆေးလိပ်နှင့် အရက်ကို ရှောင်ခြင်း၊
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတွေကသာ
သွေးချိုဆီးချိုတိုးပွားလာမယ့် ပမာဏကို
တားဆီး နိုင်ပါမယ်။
.
သွေးချိုဆီးချို ဖြစ်ခဲ့ရင် နောက်ဆက်တွဲ
ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါများကိုတော့
ပုံလေးထဲမှာ ပြထားပါတယ်
# ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး