ကာတာ sport အုပ်စုက PSG ကို ဝယ်ယူပြီးနောက်ပိုင်း ချန်ပီယံဘွဲ့ကို ယူနိုင်သူ ၃သင်းသာရှိ

ကာတာ sport အုပ်စုက PSG ကို ဝယ်ယူပြီးနောက်ပိုင်း သည်အသင်းဆီကနေ
လီဂူးချန်ပီယံဘွဲ့ကို လုယူနိုင်ခဲ့တာ ၃သင်းပဲရှိပါတယ်
မောင့်ပယ်လီယာ မိုနာကိုနဲ့ လိုင်လီ အသင်းတွေပါ
ပီအက်စ်ဂျီဟာ ချန်ပီယံဘွဲ့ကိုလက်လွှတ်ရတဲ့ နှစ်ရှိခဲ့ရင် နောက်ရာသီအတွက်
ထိပ်သီးတွေ ဝယ်ယူအားဖြည့်တာကိုလည်းတွေ့ရမှာပါ
၂၀၁၇ ခုနှစ်မှာ မောင်ပယ်လီယာ ချန်ပီယံဖြစ်ပြီးနောက် အိုလီဗာဂီးရော့ဒ် ကိုရောင်းထုတ်ခဲ့တယ်
ပီအက်စ်ဂျီကတော့ အဲ့အချိန်မှာ ဇလာတန် သီယာဂိုဆေးလ်ဗား လာဗက်ဇီ ဗာရက်တီ တို့ကို အားဖြည့်ခဲ့တယ်

၂၀၁၇ ခုနှစ်မှာ မိုနာကိုဗိုလ်စွဲပြီး ဘာနာဒို ဘာကာယိုကို မန်ဒီ တို့ကိုရောင်းထုတ်ခဲ့တယ်
ပီအက်စ်ဂျီက အမ်ဘာပေ နေမာ တို့ကိုအားဖြည့်လိုက်တယ်

၂၀၂၁ မှာ လိုင်လီ ဗိုလ်စွဲပြီး နောက် Maignan နဲ့ Soumare ကိုရောင်းထုတ်လိုက်တယ်
ပီအက်ဂျီက ပုံပါအတိုင်းအားဖြည့်လိုက်ပါတယ်

လီဂူးမှာ သည်ဘက်နောက်ပိုင်း နှစ် နှစ်ဆက်တိုက် ဗိုလ်စွဲဗိုလ်ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ
ပီအက်စ်ဂျီ မဟုတ်တဲ့အသင်းတစ်သင်းဗိုလ်စွဲခဲ့ရင် အဲ့သည်အသင်းရဲ့ အဓိက ကစားသမားတွေဟာ အခြားအသင်းတွေ
ဆီကို ငွေကြေးကြောင့်ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ ပြောင်းရွှေ့ သွားကြတဲ့အပြင်
ကာတာအုပ်စုလည်း တစ်နှစ်တာ လက်လွှတ်လိုက်ရတာနဲ့ နောင် နှစ်တဲ့အားကောင်းတဲ့ ဖြည့်တင်းမှုတွေ လုပ်လေ့ရှိပါတယ်
သည်အချက်တွေကြောင့် လီဂူးမှာ ပီအက်စ်ဂျီမဟုတ်တဲ့အသင်းတွေ ၂ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ မလွယ် တာဖြစ်ပြီး
တစ်ဖက်မျာ Farmer League လို့ခေါ် သူတွေ ရှိနေတာ လွန်တယ်လို့ မဆိုနိုင်ပြန်ပါဘူး..

crd;